Get Mystery Box with random crypto!

Pencilo’s Channel

የቴሌግራም ቻናል አርማ pencilochannel — Pencilo’s Channel
ርዕሶች ከሰርጥ:
N
Peopleclickforce
P
မမပန
A
ام
Th
As
Phayloemadalanma
All tags
የቴሌግራም ቻናል አርማ pencilochannel — Pencilo’s Channel
ርዕሶች ከሰርጥ:
N
Peopleclickforce
P
မမပန
A
ام
Th
As
Phayloemadalanma
All tags
የሰርጥ አድራሻ: @pencilochannel
ምድቦች: ፖለቲካ
ቋንቋ: አማርኛ
ተመዝጋቢዎች: 126.48K
የሰርጥ መግለጫ

🔺
ဘုရားခေတ်မှာဆိုရင်
ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။
အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်မယ်။
🔺

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


የቅርብ ጊዜ መልዕክቶች 9

2023-03-03 11:35:39 ဘဝမှာ စောက်ရှက်မရှိတဲ့ကောင်တွေမြင်ရင်

ဪ… သူ စောက်ရှက်မရှိတာက တော်ပါသေးတယ်။
ကိုယ့်ပြည်သူ ကိုယ်ပြန်သတ်ပြီး ငါတို့က တိုင်းပြည်ကို ကာကွယ်နေတာလို့ အော်နေတဲ့ စောက်ရှက်မရှိတဲ့ Institution ကြီး တစ်ခုလုံး ရှိနေတာပဲလို့ တွေးပြီး စိတ်ဖြေရတယ်။

ဘုရားရှင်သာ သက်တော်ထင်ရှားရှိသေးရင်
စောက်ရှက်မရှိတဲ့နေရာမှာ ဧတဒဂ်ပေးရလောက်တယ်။

တကယ့်ချီးထုတ်စစ်တပ်။
24.2K views08:35
ክፈት / አስተያየት ይስጡ
2023-03-02 19:52:26
US က အမျိုးတို့ရေ

ဒေါက်တာဖြိုးသီဟ၊ မခင်နှင်းကြည်သာနဲ့ ကျွန်မတို့ ၅၀၅ မောင်နှမသုံးဦးရဲ့ မြေပြင်ကို တိုက်ရိုက်ထောက်ပို့မယ့် တော်လှန်၅၀၅ Projectမှာ ပါဝင်ပေးကြပါဦး။

ကိုယ့်မြေကိုယ်ရေရဲ့ ဒုက္ခတွေကို အဆုံးသတ်ဖို့ ၂၀၂၃ မှာ အားကုန်ရုန်းကြရအောင်ပါ။

နိုင်ငံတကာမှ ထောက်ပို့ရန် FRများ

http://campaignfundraisers.org
14.7K views16:52
ክፈት / አስተያየት ይስጡ
2023-03-02 12:22:27 အဂ္ဂမဟာ အသိရိအသုဘ စောက်ခေါမ

6.0K views09:22
ክፈት / አስተያየት ይስጡ
2023-03-02 12:20:57 မင်းအောင်လှိုင်က သူ့မယားကို
ဘွဲ့တွေ ပေးတယ်ဆိုပဲ။

ဘာလို့လဲဆိုတော့
စပါယ်ရှယ် ခေါလို့တဲ့။

6.6K views09:20
ክፈት / አስተያየት ይስጡ
2023-03-02 11:28:41
မေဒိကားအထိ ရောက်လာတဲ့
အားကျူးလက်မှတ်နဲ့ စာအုပ်လေး။

ကျေးဇူးဗျို့။
9.3K views08:28
ክፈት / አስተያየት ይስጡ
2023-03-02 09:48:36 ကျွန်မဆိုင်နဲ့ ပတ်သက်ပြီး မနေ့ကပိုစ့်မှာ Process အစအဆုံးကို ပွင့်လင်းမြင်သာစွာ ရေးပြထားပါတယ်။ အခု ငွေဘယ်ကရလဲလို့ ကျွန်မမိတ်ဆွေတွေဆီက စုံစမ်းသူတွေရှိတယ်လို့ သိရပါတယ်။

ဘယ်သူဘယ်ဝါဆိုတာကိုတော့ ကျွန်မ မသိပါဘူး။ ဒါပေမယ့် ဘယ်သူဘယ်ဝါဖြစ်စေပါ။ ကျွန်မရဲ့ ငွေကြေးပိုင်းနဲ့ ပတ်သက်ပြီး သံသယရှိတယ်ဆိုရင် ကျွန်မဆီ တိုက်ရိုက်မေးမြန်းပါ။

အလကားတော့မရပါဘူး။ တွေ့သမျှလူကို စာရင်းရှင်းပြနေတဲ့အထိ ကျွန်မ မအားပါဘူး။ ဒေါ်လာနှစ်သိန်းလောင်းကြေးထပ်ရပါမယ်။ ကျွန်မနေထိုင်ရာမြို့ကို လာရောက်ရပါမယ်။ USAကို စရောက်ကတည်းက ဒီနေ့အထိ ကျွန်မရဲ့ ငွေအဝင်အထွက်၊ ကုမ္ပဏီငွေစာရင်း၊ Tax ကအစ စာရင်းအားလုံးကို ပြသပေးပါမယ်။ ဒီဆိုင်အတွက် ကုန်ကျတဲ့ကုန်ကျစားရိတ်အားလုံး၊ ရင်းနှီးငွေအားလုံး စာရင်းအတိအကျပြပါမယ်။ ဝင်ငွေရလမ်းလည်း ပြပါမယ်။

ကျွန်မရှုံးခဲ့ရင် ဒီတော်လှန်ရေးကနေ နာမည်ပျက်နဲ့ အပြီးထွက်ခွါပါ့မယ်။ ကျွန်မနိုင်ခဲ့ရင် ဒေါ်လာနှစ်သိန်းကို တော်လှန်ရေးကို လှူရပါမယ်။

USA မှာ ငွေနဲ့ပတ်သက်ပြီး မရှင်းမလင်းရှိရင် ရှင်တို့အရင် အစိုးရရဲ့ IRS က ခေါ်မေးမှာပါ။

နောက်ကွယ်မှာ လိုက်မေးလိုက်ပြောနေတာက အပေါစားဆန်ပါတယ်။ မျက်နှာချင်းဆိုင်ပြောတာ ပိုလူကြီးလူကောင်းဆန်ပါတယ်။
12.4K views06:48
ክፈት / አስተያየት ይስጡ
2023-03-01 09:21:59
ဟာ…

ဂေါင်းကြီးတို့ လိုင်စင်နဲ့ ထုတ်ပေးတဲ့လက်နက်တွေဆိုတာ ဒါကြီးတွေလား။

စားပြီ။
27.2K viewsedited  06:21
ክፈት / አስተያየት ይስጡ
2023-03-01 08:24:38 USA မှာ အလုပ်အကြောင်းရေးတော့ အလုပ်မလုပ်ဘဲနေလို့ရလားလို့ မေးလာရင် ရတယ်လို့ပဲ ဖြေရမှာပါပဲ။

ချွင်းချက်ရှိပါတယ်။ ဝမ်းဝရုံလောက်နဲ့ ကျေနပ်တင်းတိမ်ရင် ရပါတယ်ပေါ့။ တိုးတက်ရာ တိုးတက်ကြောင်း မစဉ်းစားဘဲ နေနိုင်ရင် ရပါတယ်ပေါ့။

USမှာက ကြိုးစားရင် ကြိုးစားသလို ဖြစ်လာနိုင်ချေတွေ ရှိသလို လမ်းဘေးရောက်နေတဲ့သူတွေလည်း အများကြီးပါ။ ကိုယ်ဘယ်လို နေထိုင်ရှင်သန်မလဲဆိုတာက ကိုယ့်ရွေးချယ်မှုပါပဲ။

ဝင်ငွေမရှိသူ၊ ဝင်ငွေနည်းသူတွေအတွက် အစိုးရက ကျန်းမာရေးအာမခံ အလကားပေးပါတယ်။ အစားအသောက်အတွက် Food Stamp တစ်လကို $300 လောက် ပေးပါတယ်။ အိမ်လခမရှိရင် အလုပ်မရှိဘူးဆိုပြီး မပေးဘဲနေရင်လည်း အိမ်ရှင်က နှင်ချဖို့ခက်ပါတယ်။ အစိုးရဆီက ငွေအလကားရဖို့လည်း Cash ဘာဆိုလားပဲ၊ အဲ့ Program တစ်ခု လျှောက်လို့ရပါသေးတယ်။ Homeless ဖြစ်နေပါတယ်ဆိုရင် Shelter မှာ သွားနေလို့ရပါတယ်။ ကျန်းမာရေးအကြောင်းပြနိုင်ရင် Disable ပါ အလုပ်မလုပ်နိုင်ပါဘူးဆိုရင် အခြားအခွင့်အရေးတွေလည်း အများကြီး ရနိုင်ပါသေးတယ်။ မီတာခ၊ ရေဖိုး၊ မီးဖိုး သက်သာခွင့်တွေလည်း လျှောက်လို့ရပါသေးတယ်။ Market တွေမှာ ဆင်းရဲသူတွေကို အစားအသောက်အလကားဝေရင် အလကားသွားယူလို့ရပါတယ်။

ဒါဆို လူတိုင်းအလကားနေကြလားဆိုတော့ လူတိုင်း အလကားမနေပါဘူး။ ဝင်ငွေမရှိရင် လူမယုံကြည်ပါဘူး။ Credit Score မတက်ပါဘူး။ Credit Card မပေးပါဘူး။ အိမ်ငှါးမရပါဘူး။ အကြွေးနဲ့ ကားဝယ်မရပါဘူး။ အကြွေးနဲ့ အိမ်ဝယ်မရပါဘူး။ အတိုပြောရရင် ထမင်းစားနေရမယ်၊ ဘာမျှော်လင့်ချက်မှ မရှိပါဘူး။

အလုပ်လေး နည်းနည်းပါးပါးပဲ လုပ်မယ်၊ တစ်ပတ်မှာ နှစ်ရက်လောက် အလုပ်လုပ်မယ်။ အလကားပေးတဲ့ အခွင့်အရေးမှန်သမျှ အကုန်ယူမယ်။ ဒီလိုရပ်တည်ကြသူတွေလည်း ရှိပါတယ်။

US ဟာ ဘယ်လိုရှင်သန်ရပ်တည်မလဲဆိုတာက ကိုယ့်ရွေးချယ်မှုပါပဲ။ ကိုယ့်ရဲ့ အိုဇာတာအတွက်ပါ ကြိုတင်စီမံနိုင်တဲ့ နိုင်ငံမျိုးပါ။ အလုပ်များများလုပ်၊ အခွန်များများဆောင်ထားနိုင်ရင် အသက်ကြီးလို့ အလုပ်မလုပ်နိုင်တော့ရင် အစိုးရက လူတန်းစေ့ရှင်သန်နိုင်တဲ့ ပင်စင်လစာမျိုးနဲ့ သေတဲ့အထိ ပေးသွားပါတယ်။ အလုပ်မလုပ်ခဲ့ အခွန်မဆောင်ခဲ့ရင်လည်း အနိမ့်ဆုံးပင်စင်လစာနဲ့ လူတန်းမစေ့ ငတ်မသေရုံလောက်တော့ သေသည်အထိ ကျွေးသွားပါတယ်။

ကိုယ်လည်း အလုပ်မလုပ်ဘဲနေချင်ရင်ရလားဆို ရပါတယ်။ ကိုယ်ဆိုရင် အပေါ်က ပြောသွားတဲ့ အလကားပေးတဲ့ အခွင့်အရေးတွေအပြင် ဒီမိုကရေစီဆုရှင်ပါ၊ မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေးအတွက် ဘယ်လိုလှုပ်ရှားနေပါတယ်လို့ ပြပြီး ဂရန့်တွေလျှောက်ပြီး ထိုင်စားနေလို့ရပါတယ်။

ဒါပေမယ့် ကိုယ်ကတော့ ဒီဘဝကို မရွေးချယ်ပါဘူး။ ကိုယ့်မှာ ဒီကောင်တွေ ဘဝပျက်စေချင်သလို မပျက်စီးသွားဘူး၊ ပိုမိုကောင်းမွန်စွာ အသက်ရှင်ရပ်တည်နိုင်တယ်ဆိုတာကို ပြသရမယ့် တာဝန်ကြီး ရှိပါသေးတယ်။ ဒါ့ကြောင့် ရေကုန်ရေခမ်း အလုပ်လုပ်မှာပါ။ နားချိန်၊ အိပ်ချိန်ကနေ ဖဲ့ယူပြီး တော်လှန်ရေးအတွက်လည်း သွေးမအေးစတမ်း ပါဝင်မှာပါ။

ကိုယ်တို့ ယုံကြည်မျှော်လင့်နေကြတဲ့ အနာဂတ်ဒီမိုကရေစီနိုင်ငံတော်ဆိုတာက USမှာ ပြည်သူကို ပေးထားတဲ့ တန်းတူညီမျှ အခွင့်အရေးတွေ၊ စနစ်ကောင်းတွေ။ ဒါမျိုးကို ဖန်တီးယူနိုင်ဖို့ အခွင့်အလမ်းရှိတဲ့ စစ်အာဏာရူးတစ်ကောင်မှ မကျန်နိုင်တဲ့ ဒင်ပြည့်ကျပ်ပြည့်ဒီမိုကရေစီနိုင်ငံပါ။

US မှာ တစ်ကိုယ်စာ ဒီမိုကရေစီရနေပေမယ့် စစ်ဖိနပ်အောက်က ကိုယ့်နိုင်ငံနဲ့ ဒီပြည်သူတွေကို တစ်ရက်လေးမှ မမေ့ပါဘူး။ ဒီစနစ်ကောင်းတွေကို အနီးကပ်တွေ့မြင်ရတဲ့အတွက် ကိုယ့်နိုင်ငံ လွတ်မြောက်ဖို့ ပိုပြီးဆန္ဒပြင်းပြပါတယ်။

ကိုယ့်မြေကိုယ့်ရေကို ပြန်ကို ပြန်လာနိုင်ဦးမှာဆိုတဲ့ ယုံကြည်ချက်ကလည်း တစ်ချက်လေးမှကို ပျက်မသွားခဲ့ဘူး။ စစ်ဖိနပ်အောက် ဒူးထောက်တိုးဝင်မှ ပြန်ရမယ်ဆို ဒီနိုင်ငံနဲ့ သေခန်းပြတ်ပြီပဲ။

တစ်နေ့ကျရင် ခေါင်းမော့ရင်ကော့ပြီး အဲ့ဒီ့မြေကို ပြန်နင်းကို နင်းမှာ။
26.1K views05:24
ክፈት / አስተያየት ይስጡ
2023-03-01 07:36:23
ဒေါက်တာဖြိုးသီဟ၊ မခင်နှင်းကြည်သာနဲ့ ကျွန်မပန်ဆယ်လိုတို့ ၅၀၅ရဲဘော်သုံးယောက်ရဲ့ တော်လှန်၅၀၅ Project ကို ပါဝင်ထောက်ပို့ကြပါဦးလို့ ဖိတ်ခေါ်ပါတယ်။

၁၅ ရက်တည်းမို့ Project ကာလ ၃ပုံ၁ပုံ ကျိုးသွားပြီဖြစ်ပေမယ့် Target နဲ့ အတော်ဝေးနေသေးတာမို့ ညီအစ်ကိုမောင်နှမတို့ အားထည့်ပေးကြပါဦးလို့ လှုံ့ဆော်ပါရစေ။

လကုန်ပြီဆိုတော့ စင်္ကာပူ၊ USနဲ့ ပြည်တွင်းက မောင်နှမတို့ရေ…
လှုပ်ကြပါဦးလို့။

နိုင်ငံတကာမှ ထောက်ပို့ပါဝင်ရန်

http://campaignfundraisers.org
25.1K views04:36
ክፈት / አስተያየት ይስጡ
2023-03-01 05:51:22 ဆိုင်ကတော့ ပိတ်ထားတဲ့ကြာပြီဖြစ်တဲ့အတွက် အနည်းငယ်ပြန်ပြင်ရပါတယ်။ နံရံဆေးသုတ်တာ၊ ပဲ့ရွဲ့နေတာလေး ဖာထေးတာ စသဖြင့်ပေါ့။ ကိုယ်တိုင်မလုပ်တတ်လို့ ပြင်ဆင်ဖို့ Quotation တောင်းလိုက်တာ မျက်လုံးပါပြူးရော။ မြန်မာပြည်မှာဆို လက်ခ၊ ပစ္စည်းအပါအဝင် လွန်ရောကျွံရော သိန်းငါးဆယ်ထက် ပိုစရာမရှိသော ပြင်ဆင်မှုပါ။ မေဒိကားမှာ ဒေါ်လာ၂၈၇၀၀ လက်ခသီးသန့်ပါ။ မြန်မာငွေနဲ့တွက်ရင် သိန်း၈၀၀ ကျော်ပါ။

ကိုယ်ကတော့ မတတ်နိုင်ဘူး တစ်ခွန်းပဲ ထိုင်အော်နေပြီး Youtube ဆရာတင်၊ အစ်ကိုတစ်ယောက်ရဲ့ အကူအညီနဲ့ အိမ်ကယောက်ျားသားတွေ ဝိုင်းလုပ်ကိုင်လိုက်ကြတာ ဒေါ်လာလေးထောင်လောက်နဲ့ ပြီးသွားပါလေရော။ အရမ်းလှပမနေပေမယ့် သပ်သပ်ရပ်ရပ်လေးတော့ ဖြစ်ပါတယ်။

ပစ္စည်းတွေတင်ဖို့ Shelve တွေ ဝယ်ရမယ်ဆိုတော့ ဆိုင်မှာထားရမယ့် စင်အရေအတွက်နဲ့ စျေးတွက်လိုက်တာ ဒေါ်လာသုံးသောင်းနီးနီး။ ဟင့်အင်း… မတတ်နိုင်ဘူးပဲ။ ကြံရာမရတော့ LA က မိတ်ဆွေအကိုတစ်ယောက်ဆီ ဖုန်းဆက်အကြံဥာဏ်တောင်းတော့ LAမှာ စင်အဟောင်းတွေ ရောင်းတဲ့ ဆိုင်လိပ်စာတွေ ရှာပေးတယ်။ LAကို ၈နာရီလောက် ကားမောင်း၊ သုံးရက်လောက် ပတ်မွှေလိုက်တာ အသစ်နီးပါးစင်တွေကို ဒေါ်လာ၇၀၀၀ ကျော်နဲ့ ရလိုက်လေရဲ့။ ဘယ်လောက် ကံကောင်းလဲဆိုတော့ LAကနေ Sacramento ကို သယ်တာ ဒေါ်လာ၁၂၀၀ ကျမယ်ဆိုလို့ အကြံဥာဏ်ပေးတဲ့ အကိုကပဲ မိတ်ဆွေမြန်မာတစ်ယောက်ဆီက ကုန်ကားကို Free ငှါးပြီး ဆိုင်ထိအရောက် အထဲထိ သယ်ပေးတဲ့အထိ ကူညီသွားရှာတယ်။

ဆိုင်အတွက် ပစ္စည်းမှာ၊ စာရင်းတွေလုပ်၊ System တွေ ချတာကအစ Website ဆွဲတာအဆုံး ကိုယ့်အင်အားနဲ့ကိုယ် ချကြတာပါ။ App ဝယ်သုံးရတဲ့အခအပြင် ဘာမှမကုန်လိုက်ပါဘူး။ မြန်မာပစ္စည်းတွေအတွက် မြန်မာကုမ္ပဏီတွေက အကြွေးချပေးတယ်။ ရောင်းပြီး တစ်လချင်း ခွဲပေးသွားပါတဲ့။ Asian ကုမ္ပဏီတွေကလည်း ဆိုင်လာစစ်ပြီး အနည်းအပါးပဲ ငွေချေ၊ ကျန်တာ အကြွေး။ ဒီကြားထဲ ဘဏ်တွေက ကိုယ့်လုပ်ငန်းနာမည်နဲ့ ငွေချေးပေးဖို့ Pre Approve Letter တွေ ရောက်လာ။

လုံခြုံရေးအစီအမံအတွက် CCTVတွေ၊ Alarm System တွေ၊ ခလုတ်တစ်ချက်နှိပ်ရင် 911 ကိုတန်းခေါ်တဲ့စနစ်တွေ စသဖြင့်ကလည်း စိတ်ချရပါတယ်။

ဒါက အဆင်ပြေတဲ့အချက်တွေပါ။ မပြေတာကတော့ အခုထိ ဟိုဟာလို ဒီဟာလို၊ ပစ္စည်းပုံးအလေးကြီးတွေမ၊ နေရာချ၊ စာရင်းလုပ်၊ စျေးကပ်၊ System ထဲထည့်နဲ့၊ ဆိုင်ဖွင့်ဖို့ သတ်မှတ်ထားတဲ့ရက် ကပ်တဲ့အထိကို အပြီးမသတ်နိုင်သေးတာပါပဲ။ လူတွေလည်း မိုးလင်းမိုးချုပ်ဆိုတော့ အရမ်းပင်ပန်းတဲ့အပြင် ဒီရက်ထဲ California ရာသီဥတုကလည်း နှင်းမုန်တိုင်းကြောင့် ဆိုးနေတာဆိုတော့ ဖျားပါဖျားတယ်။

ကိုယ်ကြုံးဝါးခဲ့သလိုပါပဲ။ စကစဟာ ကိုယ့်ရဲ့ အရမ်းကောင်းမွန်တိုးတက်နေတဲ့ လုပ်ငန်းသုံးခုကို ဖျက်ဆီးပစ်ခဲ့တယ်။ ကိုယ့်အိမ်၊ ကား၊ လုပ်ငန်း ပိုင်ဆိုင်မှုတွေ အကုန်သိမ်းခဲ့တယ်။ ကိုယ့်မိသားစုတစ်စုလုံးကို မြန်မာပြည်မှာ နေမရအောင် လိုက်လံဖမ်းဆီးတယ်။ အဆက်အသွယ်တောင်မရှိတဲ့ ဆွေမျိုးထဲက အချို့ကို ဖမ်းဆီးထောင်ချထားတယ်။ ဒါပေမယ့် နင်တို့ ဘယ်လိုဖျက်ဆီး ဖျက်ဆီး ငါပြန်တည်ဆောက်ပြမယ်ဆိုတာပဲ။ အခုက ပြန်တည်ဆောက်ပြမယ့် အရာထဲက ပထမဆုံး တစ်ခုပေါ့။

ဘဝမှာ အသက်ရှင်ရပ်တည်ဖို့ အလုပ်လုပ်ရပါမယ်။ ပေးစာကမ်းစာစားပြီး တော်လှန်ရေးအတွက် စောက်ဖောင်းထိုင်ထုခြင်းတစ်ခုပဲ လုပ်တဲ့သူတွေထက်တော့ ပင်ပန်းပါတယ်၊ ဖိအားများပါတယ်။

ကိုယ်ရဲ့ ငွေရှာခြင်းနဲ့ ပတ်သက်တဲ့ Passion ကို တော်လှန်ရေးအတွက် အသုံးပြုပြီး Fundraise လုပ်ခဲ့တာ နှစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၈သန်းကျော် ရှာဖွေပေးနိုင်ခဲ့ပါတယ်။

စားရိတ်ကြီးမားတဲ့ နိုင်ငံမှာ ဝမ်းရေးအတွက် အလုပ်လုပ်ကိုင်ရခြင်းကိုလည်း နားလည်ပေးကြမယ် ထင်ပါတယ်။ ကျွန်မဆိုင်လေးကိုလည်း ချစ်ခြင်းမေတ္တာနဲ့ အားပေးကြဖို့ မျှော်လင့်ပါတယ်။ ဆိုင်ဖွင့်တဲ့နေ့ကျရင်လည်း Sacramento အနီးတဝိုက်၊ San Francisco Bay Area တဝိုက်က မြန်မာနိုင်ငံသားတွေ အားလုံးကို ဖိတ်ပါတယ်။

အမေရိကန်နိုင်ငံ State အစုံကလည်း Website ကနေ Card Payment နဲ့ Amazonမှာ စျေးဝယ်သလို အလွယ်တကူဝယ်ယူအားပေးနိုင်အောင်လည်း ပြင်ဆင်နေပါတယ်။ မကြာခင် ကြေညာပေးပါ့မယ်။ မြန်မာပြည်က ဘာလိုချင်ချင် ရအောင် ကြိုးစားပါ့မယ်။

မိတ်ဆွေတွေရဲ့ ဖေးမမှု၊ အားပေးမှုနဲ့ တော်လှန်ရေးရော ဝမ်းရေးရော ရှေ့ဆက်နိုင်တဲ့အတွက် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

ယုံကြည်မှုတွေအတွက် စိတ်မပျက်စေရအောင် ဆက်လက်ထိန်းသိမ်းကြိုးစားသွားပါ့မယ်။
23.9K views02:51
ክፈት / አስተያየት ይስጡ