Get Mystery Box with random crypto!

ပန်ဆယ်လို

የሰርጥ አድራሻ: @pencilochannel
ምድቦች: ፖለቲካ
ቋንቋ: አማርኛ
ተመዝጋቢዎች: 218.17K
የሰርጥ መግለጫ

🔺
ဘုရားခေတ်မှာဆိုရင်
ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။
အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်မယ်။
🔺

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


የቅርብ ጊዜ መልዕክቶች

2024-04-18 09:43:04 သများတို့က အစည်းအဝေးလေးပဲ လုပ်ရသေးတာ
သူတို့က ကာမီကာဇေနဲ့ ကျဲတယ်။

ကျားဖြူတွေ လက်နက်အားကိုးနဲ့
အနိုင်ကျင့်တယ်။

ဗြဲ
28.2K views06:43
ክፈት / አስተያየት ይስጡ
2024-04-18 07:51:40 စိုးဝင်းအနေနဲ့ ဘာမှမဖြစ်ဘူးဆိုရင်လည်း
လူရှေ့သူရှေ့ထွက်ပြီး လမ်းသလားသင့်တယ်လေနော်။

မှောင်ခို ကုနေရတာမျိုးဆိုရင်တော့လည်း
အခုလိုငြိမ်နေမှာပေါ့လေ။

ဖြစ်သင့်ပါတယ်… ဖြစ်သင့်ပါတယ်။
36.4K views04:51
ክፈት / አስተያየት ይስጡ
2024-04-18 07:36:47 အာဏာမသိမ်းခင်အချိန်တုန်းက ကိုယ်ဟာ အတော်လူမှုရေးအားနည်းတဲ့လူလို့ ပြောရမယ်။ အကြောတင်းတယ်၊ လူရိပ်လူကဲ မသိတာထက် အဖက်ကို မလုပ်တာမျိုး။ ကိုယ်မှန်တယ်ထင်ရင် သူများခံနိုင်နိုင် မနိုင်နိုင် ဗြိုးခနဲ ဗျက်ခနဲ ပြောချပစ်တာ။

လူ့အောက်ကျလို့ လူပိမသေပါဘူးဆိုတာ တစ်ခါမှ မတွေးခဲ့ဖူးတာ။ နည်းနည်းလေး သေးသေးတင်ရင် လုံးကြီးတင်ပြီး ဆံခတ်ပစ်မယ်ဆိုတဲ့အစားမျိုး။ လူတစ်ယောက်ကို ချဉ်သွားပြီဆိုရင်လေ မျက်နှာချင်းဆိုင်တွေ့ရင်တော့ မျက်နှာသွေးသပ် ပေါ်တင်ကြီး ဟိုဘက်လှည့်ထိုင်တဲ့ အကြောမျိုး။ သူ့ဖာသာ မုန်းလို့မက၊ လဲပဲသေသေ၊ ငါနဲ့ဘာဆိုင်တုန်းလို့ပဲ စဉ်းစားတာ။ လူမုန်းခံရတာကို လက်ဖက်ရည်ခွက်ထဲ ယင်ကောင်ကျသလောက်တောင် ခံစားရတာ မဟုတ်ဘူး။

အဲ့လိုနေတော့ ဘာဖြစ်လဲ၊ လူမြင်ကပ်ခံရတယ်။ ဒါပေမယ့် စိတ်ချမ်းသာတယ်။ ဘေးပတ်ဝန်းကျင်ဆိုတာက ကိုယ့်အတွက် တစ်ခါမှ Toxic မဖြစ်စေဘူး။ ဖိအားမရှိဘူး။ ကိုယ်ကလည်း ဂရုမစိုက်၊ ကိုယ့်ဂရုမစိုက်လည်း ပိုကြိုက်ပဲ။

ဒီကာလကြီးထဲမှာကလေ ပူးပေါင်းဆောင်ရွက်ရတာတွေ၊ လူအများနဲ့ ပတ်သက်တွေ့ဆုံရတာတွေ၊ ညှိနှိုင်းရတာတွေ၊ အလျှော့ပေးရတာတွေ၊ စိတ်ထိန်းရတာတွေ။ ကိုယ်နဲ့ တစ်စက်လေးမှ သဟဇာတမဖြစ်တဲ့ အလေ့အထတွေကို ဒီကာလထဲမှာ အတော်ထိန်းညှိရှင်သန်ရတာ။

တော်လှန်ရေးအတွက် ထောက်ပို့ပြည်သူတွေ အများကြီးနဲ့ ထိစပ်ရတယ်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ အများစုက အရမ်းအဆင်ပြေပေမယ့် အနည်းစုရဲ့ စိတ်ကျေနပ်မှုအတွက် လိုက်ဆောင်ရွက်ရတာတွေကလည်း မနည်းမနော။

မြေပြင်အဖွဲ့တွေဆိုတာကလည်း ကိုယ်တွေက တလေးတစား ထောက်ပံ့ရတာဆိုတော့ အချို့သော အလိုမဖြည့်နိုင်မှုတွေက Conflict တွေမှာလည်း နားလည်ပေးနိုင်ဖို့ စိတ်တွေလျှော့ရတာလည်း အခါခါ။

တခါတရံ ရယ်စရာအနေနဲ့ ပြောဖြစ်ပါတယ်။ တို့တွေမှာ အလှူရှင်တွေဆီလည်း ရိုကျိုးရ၊ အလှူခံတွေဆီလည်း လေးစားရနဲ့ ခံဖက်ကချည်းပဲဟေ့လို့။

အများနဲ့ ညှိနှိုင်းဆောင်ရွက်ရတာတွေမှာလည်း တာဝန်ခံရသူအနေနဲ့ လုပ်ရတဲ့အခါ ကိုယ်မှားမှား မမှားမှား “ဟုတ်ကဲ့…. တောင်းပန်ပါတယ်နော်” လို့ ပြောတတ်အောင် လေ့ကျင့်ရတာပဲ။ ကြာတော့ မှားတာတွေ မှန်တာတွေ ငြင်းခုံဖို့နေနေသာသာ တွေးတောင် မတွေးဖြစ်တော့ဘူး။ Work Doneဖြစ်ဖို့၊ ရည်ရွယ်ချက်ပြီးမြောက်ဖို့ကပဲ အရေးကြီးတယ် သဘောပိုက်ရတော့တာပဲ။

ဘဝမှာလေ တခါမှ အဲ့လောက် လူကြီးဆန်နိုင်သွားမယ် မထင်ထားမိခဲ့ဘူး။ ဒီသုံးနှစ်လုံး စိတ်ကို တစ်ချက်လေးမှ အလွတ်မပေးဘဲ Control Button ကို အမြဲကိုင်ထားရသလို ဖြစ်နေတော့ ဆိုးကျိုးအနေနဲ့က ဘာကြုံကြုံ ခံစားချက်မဲ့လာတာပဲ။ စက်ရုပ်ဆန်လာတာပဲ။ လူတစ်ယောက်လို ကျေနပ်တာ၊ မကျေနပ်တာ၊ ပျော်တာ၊ ဒေါသထွက်တာတွေ သိပ်မရှိတော့ဘဲ တုံ့ပြန်နိုင်စိတ် မဲ့လာတာ။

တခါတရံ ဖေ့စ်ဘုတ်မှာ ရန်ဖြစ်ရပြီဆိုရင် အချို့က ကိုယ်စိတ်ညစ်နေမလား ထင်ကြတယ်။ စိတ်တော့ရှုပ်တာပေါ့။ ဒါပေမယ့် အဲ့လို ထသောင်းကျန်းလိုက်ရပြီဆိုရင် Stress Release အတော်ဖြစ်သွားတာ။ တစ်နေရာရာမှာ ဖွင့်ထုတ်ခွင့်ရလိုက်လို့ ကျေနပ်သွားသလိုမျိုးတောင် ခံစားရတယ်။

ဒါကြီးပြီးရင်လေ ကိုယ်တော့ အရင်လို အကြောတင်းတင်း ပြန်နေခွင့်ရချင်တာပဲ ရှိတယ်။ ကိုယ်စိတ်ပါမှ လုပ်မယ်။ စိတ်ပါမှ ယဉ်ကျေးမယ်။ စိတ်ပါမှ ပတ်သက်မယ်။ စိတ်ပါမှ ပျူငှါမယ်။ မလုပ်ချင်တာ မှန်သမျှ ဘာမှမလုပ်ဘဲ နေထိုင်မယ်။

အရင်လိုပဲ… ကြည့်မရဘူးလား၊ လဲသေလေ… ငါကတော့ F*** Off ပဲ ဆိုတာမျိုး စိတ်လွတ်ကိုယ်လွတ် ပြန်နေချင်တော့တာပဲ။

အခုလိုမျိုး တာဝန်ကျေပြီး စိတ်သေနေရတဲ့ ဘဝမျိုးကနေ ရပ်တန့်နိုင်ဖို့ ဒါကြီး အမြန်ပြီးဆုံးဖို့ လိုအပ်တယ်။

စောက်ပုတောင် လက်ခလယ်ထောင်လာတဲ့ကောင်ကွာ၊

အခုဘဝမျိုးကြီး တကယ်ကို မကြိုက်တာ။
36.7K views04:36
ክፈት / አስተያየት ይስጡ
2024-04-18 07:00:29 တော်လှန်မိတ်ဆွေတို့ရေ
Project Armor 2.0 က ပြီးဆုံးဖို့ (၃)ရက်သာ လိုပါတော့တယ်ရှင်။

ကလေးခရိုင် တပ်ရင်းတပ်ခွဲများကို ကျည်ကာ, Vest, Helmet များ တပ်ဆင်ပေးဖို့ရာအတွက် မပါဝင်ရသေးရင် ပါဝင်ပေးကြပါဦးနော်။

စလုံးနဲ့ US ကအမျိုးတွေကိုလည်း ပိုပိုသာသာ လှုံ့ဆော်ပါရစေနော်။ ပြည်တွင်းနဲ့ ထိုင်းကလည်း ကြိုးစားပါဝင်ပေးနေကြပါတယ်။ ကြယ်တွေ မကြွေဖို့အတွက် ကြိုးပန်းကြပါဦးစို့နော်။

ချက်ဘောက်ကနေ ဆက်သွယ်ပါဝင်နိုင်ပါတယ်ရှင်။
36.2K views04:00
ክፈት / አስተያየት ይስጡ
2024-04-17 09:22:49
နှစ်သစ်ကူး ဇီဝိတဒါနလေး ပြုချင်ရင်
Project Armor 2 မှာ ပါဝင်ကြပါနော်။

လူစစ်စစ်တွေရဲ့ အသက်တွေကို
အမှန်တကယ်ကို ကာကွယ်ပေးနိုင်တဲ့
အသက်ကယ်ပစ္စည်းတွေဖြစ်တာမို့
ကုသိုလ်လည်းရ၊ တော်လှန်ရေးလည်း ထောက်ပံ့ပြီးသားဖြစ်​စေတဲ့ မင်္ဂလာရှိတဲ့ နှစိဦးအလှူဖြစ်စေမှာပါ။

ဒီပေ့ချ်Link ကနေ ဆက်သွယ်ပါနော်။

https://www.facebook.com/PenciloWriter?mibextid=LQQJ4d
55.5K views06:22
ክፈት / አስተያየት ይስጡ
2024-04-17 03:49:40 ရာသီဥတု ပူလို့ နေရာရွှေ့တာလား
စောက်ပုရင်ထဲ ပူနေလို့ နေရာရွှေ့တာလား။

ပြောမရဘူး
ဒင်းက တအိမ်တည်းတောင် ခေါ်ထားချင်လောက်မှာ။
58.2K views00:49
ክፈት / አስተያየት ይስጡ
2024-04-16 08:27:29
66.9K views05:27
ክፈት / አስተያየት ይስጡ
2024-04-16 08:27:21 တိုက်ပွဲထွက်မယ့် ရဲဘော်တစ်ယောက်ဟာ ကျည်ကာEquipment အစုံအလင်ဝတ်ဆင်ပြီးရင် အလေးချိန် အချိန်၁၀လောက်ကို ထမ်းထားရပါတယ်။

အခု Project Armor 2.0 က တပ်ဆင်ပေးမယ့် ကျည်ကာပြားတွေဟာ တစ်ချပ်ကို နှစ်ပိဿာလောက် လေးပါတယ်။ ရှေ့တစ်ချပ်၊ နောက်တစ်ချပ်နဲ့ Vest အပါ လေးပိဿာကျော် ငါးပိဿာလောက် လေးပါတယ်။ ပစ်အားပြင်းကျည်အစစ်တွေနဲ့ အသေအချာစမ်းသပ်ထားပြီးသာ Certified တွေ ဖြစ်ပါတယ်။

တိုက်ပွဲမှာ အသုံးပြုဖို့ ကျည်ဟာ ရဲဘော်တစ်ယောက်ကို ကျည်နှစ်ရာနဲ့ သုံးရာကြား သယ်ရပါတယ်တဲ့။ ကိုင်ထားတဲ့ လက်နက်၊ အသီးစတာတွေအပြင် ရေဘူး၊ ဓါးစတာတွေပါ ထည့်တွက်ရင် ဘယ်လောက်လေးလံတယ်ဆိုတာ ခန့်မှန်းကြည့်လို့ ရပါတယ်။

ကျည်ကာအပြည့်ဝတ်ဆင်ထားတဲ့ ရဲဘော်ဟာ Battle ဆိုင်ကြပြီဆိုရင် ဘာမှမဝတ်ထားတဲ့ ရဲဘော်ထက် Confidence ပိုပါတယ်။ ပိုတက်ရဲ ပိုတိုက်ရဲပါတယ်။ အသက်အန္တရာယ်ဖြစ်နိုင်ချေကလည်း အများကြီး သက်သာပါတယ်။ PDF ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို လျှော့ချနိုင်ဖို့ ကျည်ကာတွေ မဖြစ်မနေ လိုအပ်တာကြောင့် Project Armor ဆိုတာ ဖြစ်ပေါ်လာခဲ့တာပါ။

မြေပြင်မှာ ပန်းနဲ့ပေါက်နေတာမဟုတ်ပါဘူး။ သေနတ်နဲ့ပစ်နေကြတာပါ။ ကိုယ့်ဘက်က ရဲဘော်တွေ ထိခိုက်မှ ကျဆုံးမှ ဝမ်းနည်းကြေကွဲကြရတာထက် ထိခိုက်ကျဆုံးမှု နည်းပါးအောင် ကာကွယ်ကြပါမယ်။ ဘေးကင်းပါစေလို့ ဆုတောင်းမယ့်အစား ဘေးကင်းအောင်ဆင်ယင်ဖို့ ပါဝင်ပေးတာက လက်တွေ့ကျအလုပ်ဖြစ်ပါတယ်။

ဒါ့ကြောင့် Project Armor 2.0 မှာ အားဖြည့်ပါဝင်ပေးကြပါဦးနော်။

ဒီပေ့ချ်ရဲ့ ချက်ဘောက်ကနေ ဆက်သွယ်လိုက်ပါရှင်။

https://www.facebook.com/PenciloWriter?mibextid=LQQJ4d
65.6K views05:27
ክፈት / አስተያየት ይስጡ
2024-04-16 07:30:14
ဒီနေ့ည မြန်မာစံတော်ချိန် ၈နာရီခွဲမှာ ရှေ့လက ပြီးစီးခဲ့တဲ့ စည်တော်ပရော့ဂျက်ရဲ့ ကံစမ်းမဲရွေးချယ်ပွဲလေး ရှိပါမယ်နော်။

စည်တော်မဲလက်မှတ်တွေ ဝယ်ယူထောက်ပို့ထားကြတဲ့ ထောက်ပို့ပြည်သူများ အတူတူရင်ခုန်ကြရအောင်ပါ။

ဆုံကြမယ်နော်။
66.3K views04:30
ክፈት / አስተያየት ይስጡ
2024-04-16 07:22:10 သေမလိုလို မသေမလိုလိုနဲ့
လေနှင်ရာ ပါသွားတော့ စိုးရယ်

ငှယ့်
ဒီရက်ထဲ သီချင်းပဲ ဆိုချင်နေတော့တာ။
62.0K views04:22
ክፈት / አስተያየት ይስጡ