Get Mystery Box with random crypto!

အကယ်ဒမီ မင်းသမီးတစ်ဦးက မိတ်ဆွေတစ်ယောက်ဆီကတဆင့် ကျွန်မဆီပို့ပေး | ပန်ဆယ်လို

အကယ်ဒမီ မင်းသမီးတစ်ဦးက မိတ်ဆွေတစ်ယောက်ဆီကတဆင့် ကျွန်မဆီပို့ပေးပါဆိုပြီး ပစ္စည်းထုတ်တစ်ထုတ် By Name နဲ့ ရောက်လာတယ်။

ဖွင့်ကြည့်လိုက်တော့ အတော်အံ့ဩသွားမိတယ်။ ပတ္တမြားလက်ကောက်တစ်ကွင်း၊ ပတ္တမြားလက်စွပ်တစ်ကွင်း၊ နီလာလက်ကောက်တစ်ကွင်း၊ နီလာလက်စွပ်တစ်ကွင်း၊ အရှည်လက်တစ်ဝါးစာလောက်ရှိတဲ့ ရွှေရင်ထိုးကြီးတစ်ခု၊ ရွှေဆံထိုးတစ်ခု၊ အထူးဆန်းဆုံးက အနုပညာသမားတွေ အထူးတန်ဖိုးထားကြတဲ့ အကယ်ဒမီနဲ့ ပတ်သက်တဲ့ တန်ဖိုးကြီးပစ္စည်းတစ်ခုပါ ပါဝင်နေတယ်။

တော်လှန်ရေးအတွက် အသုံးပြုပေးပါတဲ့။ စကစလက်အောက်မှာ နေထိုင်နေရလို့ ပေါ်ပေါ်တင်တင် မပါဝင်နိုင်ပေမယ့် ပြည်သူနဲ့ ထပ်တူပါတဲ့။

ဒီပစ္စည်းတွေကို လေလံတင်ရမလား၊ ဒါမှမဟုတ် အများပါဝင်နိုင်အောင် စီမံရမလား စဉ်းစားနေဆဲ။ ဒါ့အပြင် လာပေးထားကြတဲ့ ရတနာတွေကိုလည်း ဘယ်လိုစီမံရံပုံငွေရှာပေးရမလဲ ခေါင်းခြောက်နေဆဲ။

လက်ထဲ ရောက်လက်စ တာဝန်တွေ အမြန်ပြီးချင်တယ်။ ခဏလေးလောက် နားချင်တယ်။

လူတွေကို တိတ်တဆိတ်စိတ်ကုန်တဲ့ရောဂါရနေလို့။