Get Mystery Box with random crypto!

ကြာလာတော့ စိတ်လည်း မဆိုးတော့ဘူး။ ရယ်ပဲ ရယ်ချင်လာတယ်။ ဥာဏ်ပုတို | ပန်ဆယ်လို

ကြာလာတော့ စိတ်လည်း မဆိုးတော့ဘူး။ ရယ်ပဲ ရယ်ချင်လာတယ်။ ဥာဏ်ပုတို့ရပ်ကွက်နဲ့ ခေါင်းတိုတို့ ရပ်ကွက်က တစ်နေ့တစ်နေ့ ဥာဏ်မီသလောက်လေး ဟာသတွေ ထိုင်ပြောနေတာ အူတွေပါ နာနေပြီ။

ကိုယ်နေတဲ့ ရပ်ကွက်ရဲ့ Zip Code ကြီး Google မှာ ရိုက်ထည့်ပြီး ပန်ဆယ်လိုက အမေရိကားမှာ 12.75 Square Mile ကျယ်တဲ့ မြေကွက်ကြီး ပိုင်တာဆိုပဲ။ ငှယ့်…. အိမ်နံပါတ်နဲ့ Zip Code မကွဲကြပုံများ ပြောပါတယ်။

အမေရိကားမပြောနဲ့ ဒလတစ်ဖက်ကမ်းတောင် ကူးတို့ခမရှိလို့ မသွားနိုင်တဲ့ ဘမောတို့ရပ်ကွက်က အမေရိကန်ထိ Google နဲ့ လှမ်းကြည့်တာ။ မတန်မရာဆိုတော့ စောက်တလွဲတွေ ဖြစ်ကရော။ Zip Code ကို ရိုက်ရှာမှဖြင့် တစ်ရပ်ကွက်လုံးရဲ့ အကျယ်အဝန်းထွက်လာမှာပေါ့ဟဲ့ စောပေါက်တို့ရဲ့။ ငါ့နှယ်… စိတ်လေတယ်။

USမှာ SSN ရှိသူ ဘယ်သူမဆို Zero Dollar နဲ့ ဖွင့်လို့ရတဲ့ Company တွေလည်း ကိုယ့်အလှည့်ရောက်မှ ဇူကာဘက်နဲ့အပြိုင် စတော့ရှယ်ယာတွေ ထုတ်ရောင်းရတဲ့ကုမ္ပဏီကြီး ဖြစ်လို့ဖြစ်၊ အိမ်နံပါတ်နဲ့ Zip Code မှားပြီး တစ်ရပ်ကွက်လုံးပိုင်တဲ့ မြေပိုင်ရှင်ကြီး ဖြစ်လို့ဖြစ်။

ဗဟုသုတလေး မျှဝေရဦးမယ် ကိုဘမောနဲ့ မစောပေါက်တို့ရဲ့။ မေဒိကားမှာလည်း မြေအကျယ်ကြီးပိုင်တယ်ဆိုတာမျိုးကြားရင် ပစ်ပစ်မယုံကြနဲ့။ မြန်မာပြည်လို နင်တို့ပထွေးတွေ တွေ့ကရာ လက်ညှိုးထိုး၊ စစ်တပ်ပိုင်မြေသိမ်း၊ အချိုအချောင်နဲ့ လက်သိပ်ထိုးရောင်းသလို လုပ်လို့မရဘူးကွဲ့။ မြေများများပိုင်ရင် Property Tax နဲ့ ဖျင်များများပြောင်မှာ မေဒိကား တော်ရဲ့။ ငါ့များ အလကားလာပေးတောင် Property Tax ကြောက်လို့ မယူရဲပေါင်။ နင်တို့အလှည့်ကျမှ Zip Code ရိုက်ရှာပြီး ၁၂မိုင်ကျော်ကျယ်တဲ့ တစ်ရက်ကွက်လုံး ပိုင်ရတယ်လို့။

ပါးစပ်နဲ့ ချီးပေါက် ဆက်နေကြသလားမှတ်ရတယ်။ ထမင်းစားပြီး ချီးတန်းဖြစ်၊ ဦးနှောက်ကို အာဟာရမရောက်လို့ ဥာဏ်ရည်ချို့တဲ့နေတဲ့ စောက်ကျင့်ယုတ် ၅၀သား၊ ကျပ်မပြည့် ၃၀သားနဲ့ ပေါတောတော ၂၀သားနဲ့ တည်ဆောက်ထားတာ အဂ္ဂမဟာစောက်ပေါများ။

မမပန်ရယ်… မမပန်ကို ဖောင်းထုချင်လို့ မေဒိကားအကြောင်း ဗုသုတလေး ရှဲယားရင်း လုပ်ပေးပါလို့ တောင်းတောင်းပန်ပန် ပြောပါတော့လား။

တို့များက သဘောထားကြီးပါတယ်။