Get Mystery Box with random crypto!

ကျွန်မဆိုင်နဲ့ ပတ်သက်ပြီး မနေ့ကပိုစ့်မှာ Process အစအဆုံးကို ပွ | ပန်ဆယ်လို

ကျွန်မဆိုင်နဲ့ ပတ်သက်ပြီး မနေ့ကပိုစ့်မှာ Process အစအဆုံးကို ပွင့်လင်းမြင်သာစွာ ရေးပြထားပါတယ်။ အခု ငွေဘယ်ကရလဲလို့ ကျွန်မမိတ်ဆွေတွေဆီက စုံစမ်းသူတွေရှိတယ်လို့ သိရပါတယ်။

ဘယ်သူဘယ်ဝါဆိုတာကိုတော့ ကျွန်မ မသိပါဘူး။ ဒါပေမယ့် ဘယ်သူဘယ်ဝါဖြစ်စေပါ။ ကျွန်မရဲ့ ငွေကြေးပိုင်းနဲ့ ပတ်သက်ပြီး သံသယရှိတယ်ဆိုရင် ကျွန်မဆီ တိုက်ရိုက်မေးမြန်းပါ။

အလကားတော့မရပါဘူး။ တွေ့သမျှလူကို စာရင်းရှင်းပြနေတဲ့အထိ ကျွန်မ မအားပါဘူး။ ဒေါ်လာနှစ်သိန်းလောင်းကြေးထပ်ရပါမယ်။ ကျွန်မနေထိုင်ရာမြို့ကို လာရောက်ရပါမယ်။ USAကို စရောက်ကတည်းက ဒီနေ့အထိ ကျွန်မရဲ့ ငွေအဝင်အထွက်၊ ကုမ္ပဏီငွေစာရင်း၊ Tax ကအစ စာရင်းအားလုံးကို ပြသပေးပါမယ်။ ဒီဆိုင်အတွက် ကုန်ကျတဲ့ကုန်ကျစားရိတ်အားလုံး၊ ရင်းနှီးငွေအားလုံး စာရင်းအတိအကျပြပါမယ်။ ဝင်ငွေရလမ်းလည်း ပြပါမယ်။

ကျွန်မရှုံးခဲ့ရင် ဒီတော်လှန်ရေးကနေ နာမည်ပျက်နဲ့ အပြီးထွက်ခွါပါ့မယ်။ ကျွန်မနိုင်ခဲ့ရင် ဒေါ်လာနှစ်သိန်းကို တော်လှန်ရေးကို လှူရပါမယ်။

USA မှာ ငွေနဲ့ပတ်သက်ပြီး မရှင်းမလင်းရှိရင် ရှင်တို့အရင် အစိုးရရဲ့ IRS က ခေါ်မေးမှာပါ။

နောက်ကွယ်မှာ လိုက်မေးလိုက်ပြောနေတာက အပေါစားဆန်ပါတယ်။ မျက်နှာချင်းဆိုင်ပြောတာ ပိုလူကြီးလူကောင်းဆန်ပါတယ်။