Get Mystery Box with random crypto!

ကိုယ့်ရဲ့ တကယ်တမ်း ဘဝကို ရှုမြင်မှုပုံစံက တစ်မျိုး။ Online ပေါ | ပန်ဆယ်လို

ကိုယ့်ရဲ့ တကယ်တမ်း ဘဝကို ရှုမြင်မှုပုံစံက တစ်မျိုး။ Online ပေါ်မှာ လက်ရှိ လူတွေ ကိုယ့်ကို မြင်နေတဲ့ပုံစံက တစ်မျိုး။

ကိုယ်က ပင်ကိုယ်အားဖြင့် စိတ်အေးတယ်။ ငြင်းခုံရတာ မကြိုက်ဘူး။ ရှင်းပြရတာ မကြိုက်ဘူး။ ကိုယ်မှန်ကန်ကြောင်း တကူးတကသက်သေပြရတာ မကြိုက်ဘူး။ ဘယ်သူ ဘာထင်ထင် ကိုယ့်ဘဝအတွက် နည်းနည်းမှ စောက်ရေးမပါဘူး ထင်တဲ့လူမျိုး။

တကယ်တမ်း ကိုယ်ဖြတ်သန်းနေရတဲ့ လတ်တလောအခြေအနေတွေက ကိုယ့်စိတ်နဲ့ ပြောင်းပြန်ဖြစ်နေပြန်ရော။

ကိုယ်က အပြင်မှာ ယဉ်ကျေးတယ်။ သိမ်မွေ့တယ်ဆိုတဲ့အထိ ပြောလို့ရတယ်။ ကိုယ့်ကို အပြင်မှာ သိသူတွေ၊ အနည်းဆုံး ကိုယ့်ဆီ စျေးဝယ်ဖူးရင်တောင် ကိုယ်က Onlinပေါ်က ပန်ဆယ်လိုနဲ့ ကာရိုက်တာ မတူဘူးဆိုတာ ခန့်မှန်းလို့ရတယ်။ ကိုယ့်ဘဝမှာ အာဏာသိမ်းမတိုင်ခင်ထိ ကိုယ့်ကို အင်မတန်ဆဲတတ်တဲ့လူတို့ အားလုံးထင်နေကြချိန်မှာ ကိုယ့်ပါးစပ်က “လ” တို့ “စ” တို့ တကယ်မထွက်ဖူးဘူး။ အခုတော့ အပြင်မှာလည်း မင်းအောင်လှိုင်ကို မအေလိုးလို့ အော်အော်ဆဲတတ်နေပါပြီလေ။ အဲ့အပိုင်းမှာလည်း အပြင်က ကိုယ်အစစ်နဲ့ Online ပေါ်က ပန်ဆယ်လိုက ဖြောင့်ဖြောင့်ကြီး ခြားနားနေပြန်ရော။

ကိုယ်က ဘဝမှာ ခက်ခက်ခဲခဲတွေ မလုပ်ချင်ဘူး။ ကြီးကြီးမားမားရည်မှန်းချက်တွေ မရှိဘူး။ ကြိုးကြိုးစားစား မရှင်သန်ချင်ဘူး။ ကြိုးစားကြည့်တယ်နော်…. မရရင် အလွယ်လေး ပေါ့ပေါ့ပါးပါး လက်လျှော့လိုက်တာ ကိုယ့်မူရင်း ပုံစံပဲ။ စီးပွါးရေးဖိလုပ်တဲ့ ရည်ရွယ်ချက်ကိုက နောက်ပိုင်းမှာ အပျင်းကျချင်လို့။

ဘဝနဲ့ ပတ်သက်တဲ့ လက်သီးလက်မောင်းတန်းဆောင်ပုဒ်တွေ ဆွဲကိုင်မထားဘူး။ လောကဓံက ဖိထိုးတဲ့အခါ ပြန်ထပါဆိုတာထက် ဆက်အိပ်နေရင် ထပ်အထိုးမခံရဘူးပေါ့လို့ ခပ်လှောင်လှောင် တွေးတတ်တာမျိုး။ ဘဝဆိုတာ ဖြတ်သန်းခြင်းသက်သက်ပဲ ဆိုတာလောက်ပဲ ခံယူတဲ့သူ။

ဘဝမှာ ဘာကိုမှ Serious ဖြစ်မနေဘူး။ Move On ပဲ။ အဆင်မပြေတာတွေ ထားခဲ့တယ်၊ မေ့ခဲ့တယ်။ အဲ့အတွက်လည်း ရေရှည်ခံစားမနေဘူး။ Let it be ပဲ။

ကိုယ့်ကိုယ်ကိုယ် မှတ်မှတ်ရရသိနေတာက ကိုယ်က ခက်ခက်ခဲခဲတွေကို လွယ်လွယ်ကူကူ လက်လျှော့ပစ်နိုင်အောင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းခဲ့တဲ့သူဆိုတာပဲ။

ဒါပေမယ့် ဒီအာဏာသိမ်းနှစ်နှစ်တာမှာ မအေလိုးတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဇွဲနဲ့ ဒီနေ့ထိ တောင့်ခံတော်လှန်ဖို့ အင်အားတွေရနေလဲတော့ မသိဘူး။

အမုန်းတရားလို့ပဲ ထင်ပါရဲ့။ ဒီလောင်စာနဲ့ပဲ ဒီနှစ်နှစ်လုံး ကိုယ့်ဘဝကိုယ် မီးစာလုပ်ပြီး လည်ပတ်ခဲ့ရတာပဲ။

ချစ်ခြင်းမေတ္တာကို ကိုးကွယ်ခဲ့ပေမယ့် အမုန်းတရားကို တင်းတင်းဆုပ်ကိုင်ထားမှ လဲပြိုမသွားမယ့် ကာလဆိုတော့လည်း။

ငါတို့အမုန်းက အချဉ်းနှီး မဖြစ်စေဘူး။
If We Burn, You Burn With Us. ပဲ။
ငါတို့လောင်မြိုက်သလို နင်တို့ကို ပြာချပစ်မယ်ဆိုတာပဲ။ နင်တို့ရဲ့ ကျဆုံးမှုတိုင်းမှာ ငါ့ရဲ့ ကြိုးစားအားထုတ်မှု တစုံတရာ ပါကို ပါနေစေချင်တာ။

တာဝန် မဟုတ်ဘူး။
ဒါ ငါလုပ်ကိုလုပ်မယ်ဆိုတဲ့ ငါ့ကိုယ်ငါ ပေးတဲ့ ကတိပဲ။

နင်တို့ ကျဆုံးတဲ့နေ့အထိ နင်တို့ကို တနည်းနည်းနဲ့ ဖြိုချနေတဲ့လက်တွေထဲ ငါပါကိုပါနေမှကို ဖြစ်မှာ။