Get Mystery Box with random crypto!

ဒီနေ့ စစ်ကြောရေးက ဒုဗိုလ်မှူးကြီးကိစ္စကို ကြည့်ရင် တော်လှန်ရေး | ပန်ဆယ်လို

ဒီနေ့ စစ်ကြောရေးက ဒုဗိုလ်မှူးကြီးကိစ္စကို ကြည့်ရင် တော်လှန်ရေးရဲ့ အရှိန်အဟုန်နဲ့ Capacity ကို မှန်းဆလို့ရတယ်။

အမြန်လမ်း၁၆၁ မိုင်လိုနေရာမျိုးဆိုတာ နေပြည်တော်နဲ့ ဘယ်နှမိုင် ကွာတော့လို့လဲ ဂေါင်းကြီးတို့ရဲ့။ ဒီလိုနေရာမျိုးမှာ နင်တို့ရဲ့ ဒုဗိုလ်မှူးကြီးဆိုတဲ့ အဆင့်ကို ကျွေးမွေးဧည့်ခံနိုင်ပြီဆိုကတည်းက နင်တို့ ဘယ်လောက်နီးကပ်နေပြီလဲ…. ကြိုးစင်နဲ့။

နောက်တစ်ချက်က သတင်းအချက်အလက် ရယူနိုင်စွမ်းပဲ။ သတင်းဖုံးအုပ်နိုင်စွမ်းမှာ နင်တို့ နေပြည်တော်က ဝိတ်ပေါတွေထက် သတင်းလုံခြုံရေးအသိရှိတဲ့ စစ်ကြောရေးတာဝန်ခံလို ဒုဗိုလ်မှူးကြီးအဆင့်ကောင်ရဲ့ ဒီနေ့ဒီအချိန်ဒီလမ်းကဒီကားနဲ့ သွားမယ်ဆိုတဲ့သတင်းကို အတိအကျ ရယူနိုင်စွမ်း။ နင်တို့ ကြောက်ချေးပါမယ်ဆို ပါလို့ရတယ်။

ဒီလိုအတတ်ပညာတွေကို DSAမှာ ဖျင်ကုန်းချောင်းဆိုး ရင်ဘတ်သပြေသီးမှည့်ခံပြီး နှစ်ပေါင်းများစွာ ကျွန်ခံပြီးမှ တတ်ခဲ့တဲ့ နင်တို့အတွက် နှစ်နှစ်အတွင်း ဒီလူငယ်တွေရဲ့ တိုးတက်မြန်ဆန်တဲ့ စွမ်းရည်တွေက ရင်သပ်ရှုမော ဖြစ်နေကောင်းပါရဲ့။

ပြည်သူ့အသဲကို ရက်ရက်စက်စက်ခွဲခဲ့တဲ့ နင်တို့ဆီကို ပြည်သူ့အမုန်းနဲ့ တွန်းကန်အားက ဘာစည်းနဲ့ကာကာ သူတို့ ရောက်အောင် လာကြလိမ့်မယ်။ မြေကြီးကို လက်နဲ့ပုတ်တာမှ လွဲဦးမယ်။ သူတို့ ရောက်အောင် လာကြလိမ့်မယ်။

ပြည်သူ့ရဲ့ ဆန့်ကျင်ဘက်မှာ ဘယ်ကောင်ရပ်ရဲလဲဆိုတဲ့စကားကို ငါတို့က မေးကိုမေးမှာ။

ဘယ်နေ့ ငါ့အလှည့်လဲဆိုတာ….

တမြေ့မြေ့ ကြောက်ရွံ့လောင်မြိုက်နေလိုက်ကြစမ်း။